ကျောင်းကုန်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉)စက်မှု လယ်ယာစခန်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က အဆိုပါစက်မှု လယ်ယာဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမင်းဇော်က ကျောင်းကုန်းမြို့နယ်၏ လယ်ယာကဏ္ဍတွင် ပိုမိုသုံးစွဲလာသည့် ထွန်စက်ကြီး၊ စပါး ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်နှင့် လက်တွန်း ထွန်စက်များအား တောင်သူများအနေဖြင့် စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန် စက်ကိရိယာများအား စနစ်တကျကြံ့ခိုင်မှုဆောင် ရွက်တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် အညီ သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)