ကံမမြို့ အမှတ်(၂)ရပ်ကွက် ကျောင်းကုန်းလမ်း၌ အုတ်စီရေမြောင်း ပြုလုပ်ရန် မြေသားတူးဖော်ခြင်းလုပ်ငန်း စတင် ဆောင်ရွက်

ကံမ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  အမှတ်(၂)ရပ်ကွက် ကျောင်းကုန်းလမ်း၌   ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ယခင်မြေသားမြောင်းအဖြစ်မှ အုတ်စီရေမြောင်းပြုလုပ်ရန်  မြေသား တူးဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဆောင်ရွက်မည့် အုတ်စီရေမြောင်းမှာ အရှည် ၃၀၀ ပေ ၊  အနံ  ၂ ပေ၊  အနက် ၃ ပေဖြင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်     မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေကျပ် (၁၀၆.၂)သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှ သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)