တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အစီအစဉ် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

ပုသိမ် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၁.၈.၂၀၂၂ ရက်‌နေ့တွင် စတင် အကောင်အထည် ဖော်မည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနှစ်နှင့် စပ်လျဉ်း၍ မိတ်ဆက် ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။

စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံ ဒေါ်မာမာစိုးရင်မှ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အစီအစဉ်ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်သီတာမျိုးသန့်မှ ပြန်လည်ရှင်း လင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် ဥပဒေအရာရှိများ၊ ခရိုင်တရားသူကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရှေ့နေများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

မြင့်ဟန်