ပေါက်ခေါင်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်၊ ပဲခူးတိုင်း(အနောက်ခြမ်း)ဒု-တိုင်းဦးစီးမှူး ဦးစန်းလွင်၊ ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းအဖွဲ့များလိုက်ပါ၍ ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာမျိုးစေ့ ထုတ်စိုက်ခင်းနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့နယ်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန် မျိုးစေ့လုံလောက်စွာရရှိစေရေးအတွက် နေကြာမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိသည့် သစ်ရောင်ပြန်ကျေးရွာ နေကြာမျိုးစေ့ထုတ်(၆)ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုနှင့် လေးကြီးကျေးရွာ တောင်သူဦးဝင်းဆွေ၏ ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်(၂)ဧကရှိ ရွှေတောင်(၈)၊ ငွေချည်(၆)၊ ငွေချည်(၉)၊ ငွေချည်(၁၁) ဝါမျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ခင်းများသို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့များကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးသည် ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်ချက်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)