ကျိုက်လတ် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး အတွက် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့ နံနက် (၆) နာရီမှစ၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့များက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုး ရေး လုပ်ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိသော်လည်း နယ်မြေ အတွင်း မလိုလားအပ်သော အဖျက်အမှောင့်လုပ်ငန်းများ မဖြစ်ပေါ်စေရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေး ရေးဂိတ်များတွင် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေး ကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ကျသည့် ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များအနေဖြင့် မပျက် မကွက် တာဝန်ထမ်းဆောင်ရန်နှင့် ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြ ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။
ရီရီမြင့်