အုတ်တွင်းမြို့နယ်၌ မျိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

အုတ်တွင်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသအတွင်းမျိုးစပါးများ မျိုးကောင်း၊ မျိုးသန့် ရရှိထုတ်လုပ်နိုင်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြတ်မင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆင်းသုခနှံကောက်မျိုး စပါးမျိုးစေ့ထုတ်လုပ်စိုက်ပျိုးထားရှိမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအတွင်းမျိုးကောင်း၊ မျိုးသန့်ရရှိစေရန်ရည်ရွယ်၍ မျိုးစပါးမျိုးစေ့ထုတ်စိုက်ဧက ၂၅၀ တိုးချဲ့ စိုက်ပျိုးရန်လျာထား ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ ဘန့်ဘွေးကုန်းကျေးရွာနှင့် ဥယျာဉ်တော်ကျေးရွာတွင် မျိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၄၈) စိုက်ပျိုးပြီးကြောင်းနှင့် စိုက်ဧက လျာထားချက်ပြည့်မီ စိုက်ပျိုးပြီးစီးပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)