မြို့သစ်မြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များe-ID ရေးသွင်းခြင်းလုပ်ငန်း အချိန်မီ ပြီးစီးနိုင်ရေး ဆက်လက် ဆောင်ရွက်

မြို့သစ် ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ-၆၆/၆) အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ (software) ဖြင့် e-ID ရေးသွင်းခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်မှ  မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အိမ်ထောင်စုလူဦးရေ စာရင်း(ပုံစံ-၆၆/၆) အချက်အလက် များကို ကွန်ပျူတာဆော့ဖ်ဝဲ (software)ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းများတွင် လက်ရှိမြေပြင်စာရင်း အမှန်ရရှိရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် သက်မှတ်အချိန် ကာလအတွင်း မှန်ကန်တိကျစွာ အချိန်မီရေးသွင်းနိုင်ရေး သတ်မှတ်ရက်အတွင်း ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု့ အားပေးစကား ပြောကြားခဲ့သည်။

မြို့သစ်မြို့နယ်တွင် အိမ်ထောင်စု စုစုပေါင်း (၄၅၀၈၉)စု၏  အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ (software)ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဇော် (ပြန်/ဆက်)