နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်

နတ်တလင်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်၊ မြို့သန့်ရှင်း သာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်၊ မိုးရေတိုက်စား၍ လမ်းများပျက်စီးမှုမရှိစေရန် ရည်ရွယ်၍ (၇၇၀ ပေ × ၃ ပေ × ၃လက်မ) ရှိ အုပ်စီရေမြောင်း တူးဖော်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိတာ ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်စီရေမြောင်းတူးဖော်တည်ဆောက်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၂၆ ဒဿမ ၁၈၇ သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး