သာယာဝတီခရိုင်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

သာယာဝတီ ဇူလိူင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးပြီး  ခရိုင်အဆင့်ဌာန ဆိုင်ရာများစုပေါင်း၍  ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက သာယာဝတီမြို့နယ်၊  ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်၌ ကျင်းပကြသည်။

အခမ်းအနားသို့  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျိုက်ထိုဇောတိကာရုံပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဣန္ဒာစရိယနှင့် မြို့ပေါ်ကျောင်းတိုက် အသီးသီးမှ ဆရာတော် (၁၁) ပါး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက် ကြသည်။

ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး‌နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ ဘိုကြီးကုန်းကျောင်းတိုက် ဦးစီးမနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သဒ္ဓမ္မောဒယထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခြင်း ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်ဘုရားများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသ‌ရဇ္ဈာယ်ပေးကြသည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးကြပြီး “ဗုဒ္ဓသာသနရံ စိတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် သာယာဝတီမြို့၊ ရွှေဆယ်ဝတီဘိုးဘွားရိပ်သာမှ အဖွား (၁၁) ဦး၊ အဖိုး (၅) ဦးတို့အား တစ်ဦးလျှင် (၅၀၀၀၀) ကျပ်နှင့် လှူဖွယ်ပစ္စည်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များမှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)