ဆိပ်ဖြူ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ပုံစံ e-ID စနစ်ဖြင့် Software Program ဖြင့် ရေးဆွဲနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ယမန်နေ့ နံနက် ၁ဝနာရီက ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ပုံစံ e-ID စနစ်ဖြင့် Software Programဖြင့် ရေးဆွဲခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဝန်ထမ်းများ ၊ ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျုတာကျွမ်းကျင်ဝန်ထမ်းများက ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တစ်မြို့နယ်လုံးရှိ အိမ်ထောင်စု ၂၄၀၀၀စုကျော်ကို အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ပုံစံ e-ID စနစ်ဖြင့် Software Program တွင်အိမ်ထောင်စုများနှင့် သက်ဆိုင်သည့် အချက်လက်များအား ၄၅ ရက်အတွင်း အပြီး ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးကိုလေးအောင်က ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနေမျိုးက အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ပုံစံ e-ID စနစ်ဖြင့် Software Program ပူးပေါင်း ပါဝင်ရေးဆွဲနေသည့် ဝန်ထမ်းများကို အားပေးစကားများ ပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)