တောင်တွင်းကြီး ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အဆင့် ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ဆက်ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က မြို့နယ်အဆင့် ကျေးရွာစာကြည့်တိုက်ငွေပဒေသာပင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့် ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုဝင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်အဆင့် ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီအား ဌာနဆိုင်ရာအကြီးအကဲ(၃)ဦး၊ မြို့မိမြို့ဖ စီးပွားရေးလုပ်ငန်းရှင် (၃)ဦးနှင့် မြို့နယ်ပြန်ဆက်ဦးစီးအရာရှိတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့၀င်များ၊ ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်