မင်းလှမြို့၌ ကျောင်းကျန်းမာရေးလူပ်ရှားမူများ ဆောင်ရွက်

မင်းလှ ဇူလိုင် ၂၈

ပဲခူတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ကျောင်းသား/သူများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများရရှိကျင့်သုံးနိုင်စေရန်နှင့် သန့်ရှင်းသောကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရန်အတွက် ယနေ့နံနက် နာရီချိန်က ..က အာတီစီကျောင်း၌ ကျောင်းကျန်းမာရေးလူပ်ရှားများ ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံး ဒုတိယဦးစီးမှူး (ကာယ/ကျောင်းကျန်းမာ) ဦးစန်းအောင် က အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးရီက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်သူနာပြုအဆင့် ()ဒေါ်ဥမ္မာဝင်းနှင့် ကျန်းမာရေးသူနာပြု ဆရာမများတို့က ကလေးငယ်များအား စနစ်မှန်သွားတိုက်နည်းများ၊ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ၊ ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ကာကွယ်ရန်နည်းလမ်းများ၊ ကျန်းမာရေးနှင့် ညီညွတ်သောအဟာရများ မျှတစွာစားသုံးတတ်စေရန် နည်းလမ်းများတို့အား အသိပညာပေးပြောကြားသည်။

ဆက်လက်၍  ကျောင်းသား/သူ (၆၇)ဦးလေးများအား  ကိုယ်အလေးချိန်နှင့် အရပ်အမြင့်တိုင်းခြင်း၊ လက်ဆေးနည်းများသင်ကြားခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကုသပေးခြင်း၊  မျက်စိစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးကုသပေးခြင်း၊  White Pearl သွားတိုက် ဆေးဘူးများ ဝေငှပေးခြင်း၊ သောက်ရေသုံးရေကန်များတွင် အဘိတ်ဆေးခတ်ပေးခြင်း၊ ဖုံး သွန် လဲစစ်ပြုလုပ်ခြင်း၊ ကျောင်းမုန့်ဈေးတန်းဆိုင်းကို ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများ ရောင်းခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ယင်လုံအိမ်သာစံကိုက်မှုမရှိ စစ်ဆေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး စစ်ဆေးခြင်းတို့ဖြင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မူများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/သူ (၁၀) ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)