ဖြူးမြို့နယ်တွင် နယ်လှည့်ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဖြူး ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးစာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေးနေသည့်အပြင် ပိုမိုစာပေဖတ်ရှု နိုင်စေရန်အတွက်ရည်ရွယ်ကာ နယ်လှည့်ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် ယနေ့ နံနက်ပိုင်း အချိန်ကစတင်၍ သုတရသ စာအုပ်၊ စာစောင်များ   သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာများဖြစ်သည့် အထွေ‌ထွေအုပ်ချု်ပရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မီးသတ်ဦးစီးဌာနနှင့် မြန်မာ့စာတိုက်လုပ်ငန်းနှင့် မြို့နယ်ဥပဒေရုံးတို့တွင် သုတရသ စာအုပ်၊ စာစောင် (၂၀၀) ကျော် ငှားရမ်းပေးရာ ဝန်ထမ်းများ၊ မိသားစုဝင်များက  ငှားရမ်းကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)