ငပုတော ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဇူလိုင်လပတ်(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှုးဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ထိုးနှံရန် ကျန်ရှိပါက ဆက်လက်ထိုးနှံ ကြရန်၊ မိမိဒေသလုံခြုံရေး၊ မိမိရုံးလုံခြုံရေးအတွက် ယခင်ကထက်ပို၍ အလေးထားဆောင်ရွက်ကြရန်၊ ဝါဆိုသင်္ကန်း ဆက်ကပ်နိုင်ရေးအတွက် ဌာနဆိုင်များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်၏ မူဝါဒနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်၊ အခွန်အကောက်နှင့် သက်ဆိုင်သောဌာနများ အနေဖြင့် GDP များအား ယခင်နှစ်များနှင့်နည်းတူ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ စိုက်ဘဏ်ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့ပြီးနှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှုးဖြိုးသူရကျော်က မိမိဒေသလုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး နေ့ညမပြတ် လုံခြုံရေးလှည့်ကင်း၊ ပတ်ကင်းများဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲ များအနေဖြင့် မိမိဝန်ထမ်းများ အထင်အမြင်မလွဲမှာစေရေး၊ ဝန်ထမ်းများ၏ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အဖွဲ့ဝင် (၂) ဦးသန်းဦးမှ ငပုတောမြို့နယ်နေဖြင့် ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော သက်ဆိုင်ရာ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ မြို့နယ်ဌာန ဆိုင်ရာများမှမိမိ၏ လုပ်ငန်းဆောင်ရွက်မှုများကိုဆွေး နွေးတင်ပြကြရာ၊ တင်ပြလာမှုများအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ
ငပုတော (ပြန်/ဆက်)