ဒေးဒရဲ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများဒေသတွင်း ဆီစားသုံးမှုဖူလုံစေရေး ရည်ရွယ်၍ ဆောင်းနေကြာစိုက်ပျိုးရန် လျာထားသည့် ကျေးရွာများရှိ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တက်ရောက် လာသူများက တင်ပြဆွေးနွေးနိုင်ရေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းထွန်းက တောင်သူများအား စိုက်ပျိုးနည်းစနစ်များနှင့် နေကြာမျိုးစေ့များ ဖြန့်ဝေပေးမည့် အခြေအနေများနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်စွာမြင့်က နေကြာစိုက် တောင်သူများကို မြစိမ်းရောင် အရင်းမပျောက် လှည့်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသော ကျေးရွာကိုယ်စားလှယ်များက စိုက်ပျိုးရေ ရရှိရေးနှင့် သွင်းအားစုလိုအပ်ချက်များကို တင်ပြရာ တက်ရောက်လာသော မြို့နယ်စိုက် တိုးမြင့်ကော်မတီဝင်များက သက်ဆိုင်ရာဌာနအလိုက် ကူညီပံပိုးပေးမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စု(၈)စု၊ တောင်သူ(၂၂၈)ဦး၏ စိုက်ပျိုးဧက(၃၀၀)တွင် ဆောင်းနေကြာသီနှံများ စိုက်ပျိုးဖြစ်ထွန်းရေးအတွက် သက်ဆိုင်ရာဌာနများက ကွင်းဆင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အေဇာလင်း
မြို့နယ်(ပြန်/ဆက်)