ဘီးလင်း ဇူလိုင် ၂၇
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ငှက်ဖျားကူးစက်မှုပပျောက်ရေး စံပြမြို့နယ်လုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဝတ်မှုံက ငှက်ဖျားကူးစက်မှု ပပျောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းသူက ငှက်ဖျားရောဂါ အခြေအနေ၊ ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများကို ရှင်းလင်းပြော ကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထူးနောင်
ဘီးလင်း(ပြန်ဆက်)