ဒေးဒရဲ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ကြားကာလတို့အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်သမဝါယမ အသင်းစု သဘာပတိ ဦးအောင်အောင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်စိုးစိုးညွန့်က မြို့နယ်သမဝါယမအသင်းစုနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ တင်ပြခဲ့သော ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အကျိုးငွေ ခွဲဝေပေးခြင်းများကို အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် အခြေခံသမဝါယမ အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း
မြို့နယ်(ပြန်/ဆက်)