ပေါင်မြို့နယ် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U(16) အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ပေါင် ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အားကစားနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U(16) အမျိုးသားဘောလုံးပွဲကို မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပညာရေးမှူးဖလားဘောလုံးပြိုင်ပွဲကို အသင်းပေါင်း(၂၀)တို့မှ အုပ်စုပတ်လည်စနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ဇူလိုင်လ ၂၀ ရက်နေ့၌ စတင်ယှဉ်ပြိုင်ခဲ့ပြီး လာမည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းပေါင်းစုံ U-16 ဘောလုံးပြိုင်ပွဲကျင်းပရခြင်းမှာ ထူးချွန်သော ဘောလုံးအားကစားသမား ပေါ်ထွန်းလာရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ပြည်နယ်အဆင့် ပြိုင်ပွဲများ ယှဉ်ပြိုင်စေရန် မြို့နယ်အဆင့် လက်ရွေးစင် ရွေးချယ်နိုင်ရေးတို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)