မင်းလှမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်

မင်းလှ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က စပါးသီးနှံစိုက်ပျိုးမှု အခြေအနေများ၊ မြို့သန့်ရှင်းလှပစေရန်အတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ရာနူန်းပြည့်ဆေးထိုးနှံရေးကိစ္စရပ်များ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များပါဝင်သည့် ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးတို့ကိုမှာကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြလိုသော အချက်အလက်များကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ဆွေးနွေးပြောကြားသည်

ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီးဆွေးနွေး တင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စာရေးဝန်ထမ်းများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)