ဓနုဖြူ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.မ.က(လှေဆိပ်)တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုလျော့ကျစေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူက အမှိုက်အကြောင်း သိကောင်းစရာများ၊ အမှိုက်အမျိုးအစားများ၊ အမှိုက်အမျိုးအစားအလိုက် ဆွေးမြေ့ရန် ကြာမြင့်မှုသက်တမ်းများ၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ ပြန်လည်မေးမြန်းချက်များအား ရှင်းလင်းပြောကြား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး အမှိုက်ပုံးများ၊ နှာခေါင်းစည်း (Mask) များအား ကျောင်းအုပ် ဆရာမကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)