ကျိုက်ထို ဇူလိုင် ၂၆
ကျိုက်ထိုမြို့နယ်တွင် ယမန်နေ့ညနေ (၅)နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လုံးပတ်(၄)ပေ၊ အရှည် (၁၅)ပေခန့် ရှိသော ညောင်ကိုင်းများ ကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
အဆိုပါ သစ်ကိုင်းများကျိုးကျပြီး လမ်းပိတ်ဆို့နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ ရပ်ရွာ ပြည်သူများမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူ ကျိုက်ပိကျေးရွာတွင်လည်း လေတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)