အင်္ဂပူ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲသည် ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ် ဘုရားငုတ္တိုကျေးရွာအုပ်စု ကျီးပင်အင်းကျေးရွာသို့ ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက ကြိုဆိုကြသည်။
အဆိုပါဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘုရားငုတ္တိကျေးရွာအုပ်စု၊ ကျီးပင်အင်းကျေးရွာ ကွင်းအမှတ် ၅၄၅၊ ဦးပိုင် ၂၃၁ တောင်သူဦးအေးဝင်း၏ ယာမြေ(၁)ဧကတွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးထားမှု၊ အပင်ရှင်သန်မှုနှင့် အထွက်နှုန်းကောင်းမွန်ရေးအား ကြည့်ရှူမှာကြားကာ လိုအပ်သည်အား ပေါင်းစပ်ပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)