ဒိုက်ဦးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်း နည်းသင်တန်းဖွင့်လှစ်

ဒိုက်ဦး ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) စီမံကိန်းကျေးရွာများဖြစ်သော ကြီးပေါင်းစုကျေးရွာ၊ ခမွန်မြန်မာစုကျေးရွာ၊ ရေလွှဲကျေးရွာ၊ ဆားကျင်းကျေးရွာနှင့် တောင်ဘို့ကိုးလုံးကျေးရွာတို့မှ ကော်မတီဝင် (၅၀) ဦးခန့်တက်ရောက်ကြသည်။

သင်တန်းအားဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဒေါ်ဇာခြည်မွန်က စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းကို  တက်ရောက်လာကြသော သက်ဆိုင်ရာကျေးရွာများမှ ကော်မတီဝင်များအား ပို့ချခဲ့ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)