မုံရွာ ဇူလိုင် ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မုံရွာပညာရေးဒီဂရီကောလိပ် အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်းတွင် ကျင်းပရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မုံရွာပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသူများက Fitness Dance အကဖြင့် ဖျော်ဖြေကြပြီး ဗိုလ်လု ပွဲစဉ်အဖြစ် ကျန်စစ်သား အမျိုးသားဘောလုံးအသင်းနှင့် ဗန္ဓုလအမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ကျန်စစ်သား အမျိုးသားဘောလုံးအသင်းက ဗန္ဓုလ အမျိုးသားဘောလုံးအသင်းအား ၁ ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ များတွင် ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးရရှိကြသူများအား ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အသင်းများအား တစ်ဦးချင်းဆု တံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ ကြသော အသင်းများအား တစ်ဦးချင်းဆု တံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်များအား အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အသင်းများအား တစ်ဦးချင်း ဆုတံဆိပ် များအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အသင်းများအား တစ်ဦးချင်းဆု တံဆိပ်များအား ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများထံ အားကစားပစ္စည်းများအား ထောက်ပံ့ပေး အပ်ပြီး တံခွန်စိုက်ဆု တတိယရရှိသော အနော်ရထာအသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုငွေကျပ် - ၃ သိန်းတို့အား လည်းကောင်း၊ ဒုတိယရရှိသော ဗန္ဓုလအသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုငွေကျပ် - ၄ သိန်းတို့အား လည်းကောင်း၊ ပထမရရှိသော ကျန်စစ်သားအသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုငွေကျပ် - ၅ သိန်းတို့အား အသင်း အုပ်ချုပ်သူနှင့် အားကစားသမားများထံ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများ၊ အားကစားသမား များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)