ရွာငံ ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ- ၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းနေမှုကို မြို့နယ်လဝကဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ- ၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းများကို e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း အိမ်ထောင်စုလူဦးရေစာရင်းစုစုပေါင်း (၁၉၇၉၅)ကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်