သနပ်ပင် ဇူလိုင် ၂၆
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန သနပ်ပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၆၇.၄၀)သန်းဖြင့် မြရတနာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ရေဝတီကျော်ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသခံပြည်သူများသွားလာရေး လွယ်ကူချောမွေ့စေရန် အရှည် ၁၂၈၀ ပေ၊ အကျယ် ၁၂ပေ၊ ထု ၈လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ကြောင်း အဆိုပါ လမ်းရာနှုန်းပြည့်ပြီးစီးပါက ယင်းလမ်းအသုံးပြုလျက်ရှိသည့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး ကျန်းမာရေးနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း မြို့နယ်စည်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်သူရထံမှ သိရသည်။
လှမိုး(ပြန်/ဆက်)