(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ တေးဂုဏ်ပြု အစီအစဉ် ကျင်းပပြုလုပ်

မြန်အောင် ဇူလိုင် ၂၆  

(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး အတီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ တေးဂုဏ်ပြုအစီအစဉ်ကို ယမန်နေ့နံနက်က မြန်အောင်မြို့ နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားပြီး အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဂီတပညာရှင် စာရေးဆရာကြီး ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)က မဟာဂီတတေးသီချင်းဖြင့် သီဆိုတင်ဆက်ခဲ့သည်။

ဆက်လက်၍ အသက်(၁၀-၁၅)၊ (၁၆-၂၀)နှစ် အက ကျား၊မ ပြိုင်ပွဲဝင်များက တင်ဆက် ကပြခြင်း၊ အဆိုဝါသနာရှင် ကျား၊ မ ပြိုင်ပွဲဝင်များ၊ အဆို မဟာဂီတ ပြိုင်ပွဲဝင်များ၊ ခေတ်ဟောင်း+ကာလပေါ် တေးသီချင်းပြိုင်ပွဲဝင်များ၊ စန္ဒယား အတီးပြိုင်ပွဲဝင်များက သီဆိုကပြ တီးခတ်တင်ဆက်ခဲ့ကြသည်။

မြန်အောင်မြို့နယ်မှ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား အလှူရှင်များကစုပေါင်း၍ ကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းရာ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဂီတပညာရှင် စာရေးဆရာကြီး ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)က လက်ခံရယူခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သူရိန်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

မြို့နယ်ပြန်/ဆက်