ပဲခူး ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇:၃၀ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတုတ္ထနေ့အဖြစ် အလှည့်ကျ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရမည့် ဥဿာမြို့သစ်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူ များပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်