ညောင်လေးပင် ဇူလိုင် ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဦးစီးမှူးရုံး၏ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား ဆော့ဖ်ဝဲထည့် သွင်းခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် တာဝန်ရှိသူများက ကြည့်ရူအားပေကာ သတ်မှတ်ရက်အတွင်း လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုဆောင်ရွက်နေသည့် လုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
မြို့နယ် (ပြန်/ဆက်)