မင်းလှ၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Database သို့ ထည့်သွင်းခြင်းဆက်လက်ဆောင်ရွက်

မင်းလှ ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Database သို့ ထည့်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ချိန်ထိ လူဦးရေစာရင်းပုံစံ(၆၆/၆)များ (၅၀၀၀)ကျော် ဆောင်ရွက်ပြီးစီးနေကြောင်းသိရသည်။

မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)(၃၄၀၆၀)အား Database သို့ ထည့်သွင်းခြင်းကို ဇူလိုင် ၁၈ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိလူဦးရေစာရင်းပုံစံ(၅၀၀၀) ကျော်ဆောင်ရွက်ပြီးစီးနေကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ အကူအညီရယူကာ ကွန်ပြူတာအစုံ(၂၀)ဖြင့် Database သို့ ထည့်သွင်းခြင်းကို နေ့စဉ်နံနက် ၉ နာရီခွဲချိန်မှ ညနေ ၄ နာရီခွဲချိန်ထိ တစ်လခန့်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)