ပေါက်ခေါင်းမြို့နယ်၌ ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိ

ပေါက်ခေါင်း ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် လေးကြီးကျေးရွာ တောင်သူဦးတင်လှ၏ ကွင်းအမှတ် (၇၁၂) ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

အဆိုပါတောင်သူ ဦးတင်လှ၏ ဝါမျိုးစေ့ထုတ် (၅)  ဧကတွင် ရွှေတောင် (၈) ဝါမျိုးကို စိုက်ပျိုးထားပြီး၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၂) ဧကတွင် ရွှေတောင် (၈)၊ ငွေချည် (၆)၊ ငွေချည် (၉)၊ ငွေချည် (၁၁) ဝါမျိုးစေ့များကို စမ်းသပ်စိုက်ပျိုးထားရှိသည်။

ဝါ(၁)ဧက၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ပျမ်းမျှသုံးသိန်းခွဲခန့်ကုန်ကျပြီး၊ ဝါကောက်ချိန်(သို့)ခူးဆွတ်ချိန်မှာတော့ တစ်ဧကလျှင် အနည်းဆုံးပိဿာ ကိုးရာလောက် ထွက်ရှိကြောင်း၊ ယခင်နှစ်က ဝါတစ်ပိဿာကို ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် တွက်‌‌ခြေကိုက်ကြောင်း၊ ထို့ကြောင့်ဝါသီးနှံသည် တောင်သူများ စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်း ဝါသီးနှံစိုက်ပျိုးသည့်တောင်သူ ဦးတင်လှထံမှ သိရသည်။ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်တွင် ဝါကြီး၊ ချည်မျှင်ရှည်ဝါ အပါအဝင် ဝါစိုက်ပျိုးဧက ၈၅၀၀ ခန့် လျာထားစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)