ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး

ဒေးဒရဲ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို၂၀၂၂ ခုနှစ် မေလ (၁၆) ရက်နေ့က စတင်၍ ယခင်နှစ်ကြွေးကျန် မရှိသူများအား ဦးစားပေးအနေဖြင့် ထုတ်ပေးလျက်ရှိရာ ယမန်နေ့အထိ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၀)အုပ်စုက တောင်သူ (၉၉၈)ဦး၏ မိုးစပါးဧက (၇၄၂၂)ဧကအတွက် ငွေကျပ်(၁၁၁၃၃၀၀၀၀၀)သိန်းကို ထုတ်ချေးပြီးဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စု (၃၀)အုပ်စုက တောင်သူ(၈၅၀) ဦး၏ စိုက်ပျိုးမြေ( ၅၆၀၀)ဧက အတွက် ငွေကျပ် (၈၄၀၀၀၀၀၀၀)သိန်းကို စိုက်ပျိုးချိန်အမှီ ထုတ်ပေးနိုင်ရေး လျာထား ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်​နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။

အေဇာလင်း