ကံမ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မိုးရာသီကာလ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်းသုံးသောင်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၂၆) အုပ်စုမှ တောင်သူ (၂၈၉၁)ဦး၏ မိုးစပါးစိုက်ဧက (၈၀၃၄) ဧကနှင့်အခြားသီးနှံ (၇၄၆)ဧကတို့အတွက် ငွေကျပ်(၁၂၇၉၇) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ဆက်လက်၍ ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)