ဘိုကလေး ဇူလိုင် ၂၆
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှစတင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ဇူလိုင်(၂၅)ရက်နေ့ မွန်းလွဲ (၃)နာရီတွင် ဘုရားချောင်းကျေးရွာအုပ်စုအသင်းနှင့် သာပေါင်းကျေးရွာအုပ်စုအသင်းတို့ ဗိုလ်လုပွဲစဉ်အား ယှဉ်ပြိုင်ခဲ့ရာ ဘုရားချောင်းကျေးရွာအုပ်စုအသင်း ဗိုလ်စွဲအနိုင်ရရှိခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များတွင် ရပ်ကွက်(၁/၂)၊ ရပ်ကွက်(၃/၄)၊ ရပ်ကွက်(၅/၆)၊ ရပ်ကွက်(၇/၁၀)၊ ရပ်ကွက်(၈/၉)၊စိန်ဟိုင်း၊ ဂရမ်း၊ ပဝိန်၊ မြင်းကကုန်း၊ မလော့၊ ဘုရားချောင်း၊ သာပေါင်း၊ ငပိချောင်း၊ မင်းဂံ၊ သကံဝနှင့် ဆတ်ကျွန်း ရပ်ကွက်/ကျေးရွာ အသင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ဘုရားချောင်း ကျေးရွာအုပ်စုအသင်း၊ ဒုတိယဆုကို သာပေါင်းကျေးရွာအုပ်စုအသင်း၊ တတိယဆုကို (၈/၉) ရပ်ကွက်အသင်းတို့ အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲ ပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနား ဆက်လက်ကျင်းပရာ အခမ်းအနားသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံး အနောက်တန်း၊ အလယ်တန်း၊ အရှေ့တန်း ကစားသမားဆု၊ အကောင်းဆုံးကစားသမားဆုနှင့် ဆုရအသင်းများအား ငွေသားဆုများနှင့် ပထဆုရအသင်းအား တံခွန်စိုက်ဖလား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပွဲစဉ်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)