ဒေးဒရဲ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ရုံး၌ မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ကို အောင်မြင်စွာ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး မဲစာရင်းများ တိကျမှန်ကန်စေရေး ပြည်သူတစ်ဦးချင်း ကိုယ်ရေးအချက်အလက် နိုင်(၄) မှတ်တမ်းများကို Electric Systemဖြင့် Software ရေးသွင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပြီး ယခုအိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်း လုပ်ငန်းများကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့ကစတင်၍ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများ မှန်ကန်စေရေးနှင့် စာရင်းထပ်ကျန်မှု မရှိစေရေး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးရုံးက သိရသည်။
အေဇာလင်း