သာပေါင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲ ကျင်းပ

သာပေါင်း ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေး ကာကွယ်ရေး၊ တာများမကျိုးပေါက်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ငဝန်တာ၊ တာမိုင်(၆၄/)၊ ရေကင်းစခန်း အမှတ်()၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ဘုမ္မဲဇာကျေးရွာအနီးတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရေဘေးကာကွယ်ရေး သရုပ်ပြပွဲ ကျင်းပပြုလုပ်ကြသည်။

အခမ်းအနားတွင် ပုသိမ်ခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းအောင်မှ မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေးကာကွယ်ရေး တာများ မကျိုးပေါက်နိုင်ရန် သာပေါင်းမြို့နယ် ငဝန်တာတွင် ရေကင်းစခန်း အမှတ်(၆၁/)မှ ရေကင်းစခန်း အမှတ် (၇၅/)အထိ ရေကင်းစခန်း()ခု ဖွင့်လှစ်ထားရှိပြီး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အရေးပေါ်ပစ္စည်း စုဆောင်းထားရှိမှုများ၊ ဝန်ထမ်းအင်အားများဖြင့် ကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှု အရေးပါပုံ၊ တာတမံ ဥပဒေကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပုံ တို့ကိုရှင်းလင်းပြောကြားပြီး မိုးရာသီ တာတမံ ထိခိုက်ပျက်စီးစေသော အကြောင်းရင်းများဖြစ်သည့် တာထိပ်ပေါ်ရေကျော်ခြင်း၊ ရေပေါက် တူးပေါက်ဖြစ်ပေါ်ခြင်း၊ တာအိတာလျောခြင်း၊ သဲဗွက်ထခြင်း စသည်တို့ ဖြစ်ပေါ်ပုံနှင့် ကာကွယ်ရမည့် နည်းလမ်းများကို သရုပ်ပြရှင်းလင်းပြောပြီး ပုသိမ်ခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးကျော်ခိုင်စိုးတို့က မြစ်ရေကြီးမြင့်လာချိန်တွင် အလံအစိမ်းရောင်၊ စိုးရိမ်းရေအမှတ်ရောက်ချိန်တွင် အလံအဝါရောင်၊ အန္တရာယ်ရေအမှတ် ရောက်ချိန်တွင် အနီရောင်အလံဖြင့် ပြည်သူများအား သတ်မှတ်စိုက်ထူ သတိပေးပြသထားရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမျာထံသို့ အရေးပေါ်ရေအမှတ်သတိပေးအလံများ လွဲပြောင်း ပေးအပ်ခဲ့ကြပြီး တတ်ရောက်လာကြသူများအား ရေဘေးအန္တရာယ်ကာကွယ်ရေး "ပညာပေး လက်ကမ်းစာစောင်"များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲသို့ ပုသိမ်ခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (မြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ) အတွင်းရေးမှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်() ဦးကျော်တိုး၊ သာပေါင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်ဇော်နိုင်နှင့် ဆည်မြောင်းဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူ ၉၈ ဦး တတ်ရောက်ကြည့်ရှုခဲ့ကြပြီး ငဝန်မြစ်ရေသည် ယမန်နေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ (၁၁.၂၀)ပေသို့ ရောက်ရှိ နေသဖြင့် မြစ်ရေကျဆင်းလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)