ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ညောင်တုန်း   ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယနေ့ နံနက် ၁၀နာရီကပြုလုပ်‌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေး နံရံကပ်စာစောင်တွင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းဘေး၊ လေပြင်းဘေး သတိပေးစနစ်တွင်ပါရှိသည့်  အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ သဘာဝဘေး သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေး ဖြစ်ပေါ်နေစဉ် ဆောင်ရွက်ရမည့်အချက်များနှင့် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများ၊ ကာတွန်းများ၊ ဆောင်ပုဒ်များပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)