မောင်တော ဇူလိုင် ၂၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းကို ယနေ့ နေလည် ၁ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးမှ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုဆုများ ချီးမြှင်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မောင်တောခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းသား၊ သမီးများအား တစ်ဘာသာလျှင် ၅၀၀၀၀ ကျန်နှုန်းဖြင့် ၄ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် နှစ်ဦး ၊ ၁ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ စုစုပေါင်း ကျောင်းသား/သူ ၇ ဦးအတွက် စုစုပေါင်းငွေကျပ် ၈ သိန်း ၅သောင်း တိတိအား ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ထူးရ ဝန်ထမ်း သား၊ သမီးများအား အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)