ကျိုက်မရောမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကျိုက်မရော ဇူလိုင် ၂၅

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၉နာရီအချိန်က အ.ထ.က.ပိန်းနဲကုန်း  ကျောင်းရှိ ​(မြင့်မြတ်ဂုဏ်ဆောင်) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က ပိန်းနဲကုန်းကျောင်းမှ တာဝန်ခံဆရာကြီး ဦးမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများ ကိုယ်တိုင်သိရှိ နားလည်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ သဘာ(ဘေး/စီမံ) ဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာခြည်ဖြိုးက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မျောက်ကျောက်ရော ဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ခေါင်းစဉ်ဖြင့် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးတို့အား အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး  အမေး၊ အဖြေမေးခွန်းများ မေးမြန်းပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရမုန့်များ ပေးအပ်ကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)