ရခိုင်ပြည်နယ်၊ မောင်တောမြို၌ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မောင်တော ဇူလိုင် ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့၏ ညွန်ကြားချက်များအား ဆုံးဖြတ်ချက်များအပေါ် အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူများအား အပြည့်အဝ ထိုးနှံပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများက ကြပ်မက် ဆောင်ရွက်ပေးကြရန်၊ ကာကွယ်ဆေးများ သက်တမ်း မကုန်ဆုံးခင်နှင့် အလေအလွှင့် မရှိစေရေး အလေးထား ဆောင်ရွက်ကြရန် စသည့်တို့တို မှာကြားခဲ့ပြီး ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာနုကေသီစံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သတ်၍ လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံနေမှုများ၊ ဆက်လက်၍ ပြည်သူများအားထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ဆောင်ရွက်ထားသည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးကံထွန်းအောင်မှ ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက် ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုများ၊ မိမိတို့ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့မှုများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ များ၊ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြားရှိ ကျောင်းသား/သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ကျန်ရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများအား ဝိုင်းဝန်းဆွေးနွေးကြရာ လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး