ပြင်ဦးလွင်မြို့တွင် ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ 

ပြင်ဦးလွင် ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင် ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဉီးစီးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးမှ ခရိုင်အတွင်းရှိ အမျိုးသမီးများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ခရိုင်အဆင့်တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်များမှ မိမိတို့လုပ်ဆောင်ချက်များအပေါ် အထွေထွေဆွေးနွေးတင်ပြကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက် )