ပိုင်ကျုံ ဇူလိုင် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က စာပေချစ်မြတ်နိုးသူ (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် ပျော်ရွှင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့်စာအုပ်၏ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်ကြာစေးက အခက်အခဲနှင့်ရင်ဆိုင်ရလျှင် ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ အခက်အခဲများ၊ စိတ်ညစ်စရာများနှင့် ရင်ဆိုင်ရလျှင် မည်သို့ဖြေရှင်းရမည်၊ မည့်သို့ကျော်လွှားရမည့် အချက်များကို စဉ်းစားရမည်ဖြစ်ကြောင်း၊ အခက်အခဲများကို ဖြေရှင်းရာတွင် ယုံကြည်မှုရှိရန်လိုအပ်ကြောင်း စသည့်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ ဦးထွန်းဇော်က စိတ်ပူပန်တတ်တဲ့အကျင့်ကို ဖျောက်ပါဆိုသည့် ခေါင်းစဉ်ဆွေးနွေးရာ ဆောင်ရွက်မပြီးပြတ်သေးသည့်ကိစ္စတစ်ခုခုကြောင့် စိုးရိမ်ပူပန်မည့်အစား လုပ်ရမည့်အလုပ်များကို ဆက်လက်ဆောင်ရွက်ရန်၊ အခက်အခဲဆိုတာ အသက်ရှင်နေသရွေ့ နေ့စဉ်ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ကြုံတွေ့လာသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် စဉ်းစားရမည်ဖြစ်ကြောင်းစသည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆွေးစာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအချင်းချင်း တစ်ဦးနှင့်တစ် စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြားလာနိုင်ပါကြောင်း သိရပါသည်။
နော်ခူး( ပြန်/ဆက်)