မိုင်းခုတ် ဇူလိုင် ၂၅
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မိုးရာသီဘောလုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများပါဝင်ပြီး တစ်သင်းလျှင်(၁၃)ဉီးဖြင့် အသင်းသုံးသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းအား ဇူလိုင် ၂၈ ရက်နေ့တွင် ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်ထံမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)