အခြေခံပညာအထက်တန်းကျောင်းများ၌ ဘာသာသာသနာဆိုင်ရာ ဟောပြောပွဲကျင်းပ

ပျဉ်းမနား ဇူလိုင် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် သာသနာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများ၊ ဘာသာသာသနာနှင့်သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျေင်း၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင် ဦးမြင့်အောင်က ယဉ်ကျေးလိမ္မာဆိုင်ရာ (၃၈)ဖြာမင်္ဂလာတရားတော်များနှင့်သက်ဆိုင်သည့် အဆုံးအမ တရားတော်များအကြောင်း၊ ပျဉ်းမနားမြို့နယ်သာသနာရေးမှူးရုံးမှ ဦးစီးမှူး ဒေါ်ဆုလင်းလှိုင်က ဘာသာသာသနာရေးနှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုဆိုင်ရာလိုက်နာဖွယ်ရာများ၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးသက်နိုင်ဦးက ဘာသာသာသနာနှင့်သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေများ၊  ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်းအရာများကို အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)