လားရှိုးမြို့တွင်  ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး ဇူလိုင် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရှမ်း/မြောက်)မှ ကြီးမှူးကျင်းပသော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးဇော်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ လားရှိုး၊ မူဆယ်၊ လောက်ကိုင်၊ တန့်ယန်း၊ ကျောက်မဲမြို့နယ်များမှ ဟိုတယ်ဝန်ထမ်းစုစုပေါင်း(၁၇၀)ဦးတက်ရောက်မည်ဖြစ်ပြီး နည်းပြဆရာ (၃)ဦးက (၂၅-၇-၂၀၂၂)ရက်နေ့မှ (၆-၈-၂၀၂၂)ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး