စဉ့်ကိုင်မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး Talk  Show ဆောင်ရွက်

စဉ့်ကိုင် ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်း၍ ဇူလိုင်(၂၅)ရက်၊ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  မသန်စွမ်းသူများနှင့် ပတ်သက်သည့်  အသိပညာပေး ဆွေးနွေးပွဲ Talk  Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဒေါ်၀င်း၀င်းသန်း (ဦးစီးအရာရှိ)က နိုင်ငံတော်အစိုးရမှ မသန်စွမ်းသူများအတွက် ပြဋ္ဌာန်းထားသည့် အခွင့်အရေးများ၊အလုပ်အကိုင် အခွင့်အလမ်းရရှိမှုများ၊  အနိုင့်အထက်ပြုခြင်းများရှိခဲ့လျှင် ဥပဒေအရ  အကာအကွယ်ပေးနေမှု အခြေအနေများ၊ မသန်စွမ်းသူများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေမှု၊ မသန်ပေမဲ့လည်း စွမ်းဆောင်ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်ခင်စန်း ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်​ရှောက်ရေးက မသန်စွမ်းသူများအနေဖြင့်မြန်မာနိုင်ငံတွင် (၁၉၅၈) ခုနှစ်ကတည်းက  မသန်စွမ်းသူများ၏  အလုပ်အကိုင်အခွင့်အရေးများဆိုင်ရာ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာလည်း မသန်စွမ်းသူများနှင့် ပတ်သက်သည့် အခွင့်အရေးဆိုင်ရာ တန်းတူညီမျှရရှိစေရေး ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊  မသန်စွမ်းသူများအနေဖြင့်  မသန်ပေမဲ့လည်း  စွမ်းဆောင်နိုင်သူများဖြစ်သည့်အတွက်စိတ်ဓာတ်ခွန်အား ကျစရာမလိုကြောင်း  အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်အနေဖြင့်   လူမှု၀န်ထမ်းဦးစီးဌာနမှ ကျန်ရှိနေသည့် မသန်စွမ်းသူများကို တစ်ဦးလျှင်ငွေကျပ်(၃၀၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)