မြင်းခြံမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

မြင်းခြံ ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင် ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က “လူယ်နှင့်ခေါင်းဆောင်မှု” အကြောင်းအရာအပါအဝင် ကျောင်းသား/သူ လူငယ်များအား ကစား ပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကိုလည်းဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြင်းခြံခရိုင်နှင့်မြို့နယ် အားကစား ကာယနည်းပညာဦးစီးဌာနမှ (Exercise is Medicine) “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ခေါင်းစဉ်ဖြင့် (Fitness Dance) အကဖြင့် သရုပ်ပြသခဲ့ကြသည်။ ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)