တောင်သာမြို့ မင်းစု (အထက) ၌ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တောင်သာ ဇူလိုင် ၂၅

တောင်သာမြို့နယ်ရှိ  အခြေခံပညာကျောင်းများမှ   ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင်   ထူးချွန်စွာအောင်မြင်အောင်  သင်ကြားပေးခဲ့သော    ဆရာ/ဆရာမများနှင့်     ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား  ဂုဏ်ပြုချီးမြှင့်ပွဲ  အခမ်းအနားကို  ယမန်နေ့နံနက် () နာရီ အချိန်က မင်းစု (အထက) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် အထက (တောင်သာ) ကျောင်းသား/သူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ က အဖွင့်အမှာစကားပြောကြားခြင်း၊ အောင်ရီဖြိုးဖောင်ဒေးရှင်း မိသားစုဝင် ဦးသန့်ဆွေက ဂုဏ်ပြု အမှာစကား ပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးကိုယ်စား အထက-တောင်သာ ကျောင်းအုပ် ဆရာမကြီးဒေါ်အေးမြင့်ကြည်က ပညာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးတင်ပြရှင်းလင်း ပြောကြားခဲ့ကြပါသည်။

ထို့နောက် တောင်သာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာ သင်ကြားပေးသော ဆရာ/ဆရာမများနှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား မြို့နယ်ပညာရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ အောင်ရီဖြိုးဖောင်ဒေးရှင်းမိသားစုဝင် ဦးသန့်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးရန်နိုင်စိုး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များကအသီးသီးဆုချီးမြှင့်ခဲ့ကြကြောင်းနှင့် တစ်ဘာသာလျှင် ငွေကျပ် (၂၇၀၀၀) နှုန်းဖြင့် ကျောင်းသား/သူ (၂၃၀) ဦး၊ ဂုဏ်ထူးရအရေအတွက် (၃၄၅) ဆု၊ ထူးချွန်စွာ အောင်မြင်အောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများ (၇၄) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁၇၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ်  တစ်ရာငါးသိန်းခုနှစ်သောင်းသုံးထောင်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးနောက် အထက (ခွဲ) ကျောက္ကာ  ကျောင်းမှ (၅) ဘာသာဂုဏ်ထူးရကျောင်းသူ မသဇင်ဖူးဝေက ကျေးဇူးတင်စကားပြောကြားခြင်း၊ အထက (ခွဲ) ကျောက္ကာကျောင်းမှ မန္တလေးတိုင်းဒေသကြီးတွင ်ဝိဇ္ဇာဘာသာတွဲ ဒုတိယအမှတ်များဆုံးရရှိသော ကျောင်းသူမနှင့်အိဖြူမှ ကျေးဇူးတင်စကားပြောကြားပြီးနောက် အထက (မင်းစု) ကျောင်းသား /သူများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)