လသာမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

လသာ ဇူလိုင် ၂၅

ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်‌ရေးအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက်က အမှတ်(၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့်လသာလမ်းထိပ်(ကောင်းတုံကွမ်ယင်တရုတ်ဘုံကျောင်းရှေ့)၌ လာရောက်ရောင်းချပေးနေကြောင်း သိရသည်။

ထိုသို့ ဈေးကားဖြင့်လာရောက်ရောင်းချသော အသင်းများနှင့် ဈေးဝယ်နေပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူနိုင်ရေးအတွက် ခေတ္တမြို့နယ် စည်ပင်သာယာအုပ်ချုပ်‌ရေးမှူး ဦး‌ဌေးလင်းနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါဈေးကားတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဝက်သားတစ်ပိသာလျှင်(၁၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အမဲသားတစ်ပိသာလျှင်(၁၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သား(စီဘီ)တစ်ပိသာလျှင်(၇၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဆိတ်သားတစ်ပိသာလျှင်(၂၂၀၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

နီနီအောင်