ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင် မိခင်နှင့်(၂)နှစ်အောက် ကလေးသူငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း

နမ့်ဆန် ဇူလိုင် ၂၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်(၂)နှစ်အောက် ကလေးသူငယ်များအား လစဉ်ပုံမှန် E.P.I  ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကလေးအားတိုးဆေး တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။         

အဆိုပါ ကာကွယ်ဆေးအား မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးသူငယ်များကို လစဉ်(၂၅)ရက်နေ့နှင့် ကျေးရွာများ အတွင်းရှိ မိခင်နှင့်ကလေးသူငယ်များအား လစဉ် (၂/၃/၄)ရက်နေ့ လစဉ်ပုံမှန်ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင်(၂၀၀)ကျော်နှင့် (၂)နှစ်အောက် ကလေးသူငယ် (၄၀၀)ကျော်ခန့်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ သိရသည်။

ထို့အတူ ပုံမှန်ကာကွယ်ဆေးများအား မထိုးရသေးသည့် မိခင်နှင့်ကလေးသူငယ်များ ရောဂါကင်းရှင်းကျန်းမာသန်စွမ်းနိုင်စေရန် အဆိုပါနေ့ရက်များတွင် လာရောက်ထိုးနှံနိုင်မည်ဖြစ်ကြောင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)